" ရွှေပါရမီဆရာ တော် အရှင်ဆန္ဒာဓီက အမေရိကတွင် ခွဲစိတ်ကုသမှု ထပ်မံခံ ယူ"
ရွှေပါရမီဆရာ တော် အရှင်ဆန္ဒာဓီက အမေရိကတွင် ဖ လေး လုံး ခွဲစိတ်ကုသမှု ခံယူ
အမေရိကန်ပြည်ထောင်စု၊မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊အီဒင်တန်မြိုပင်လယ်ကမ်းစပ်နားကရွှေပါရမီတောရကျောင်းမှာ ဝါဆိုသီတင်းသုံးနေတဲ့ဆရာ တော် အရှင်ဆန္ဒာဓီက စက်တင်ဘာလ၂၂ရက်နေ့ကမေရီလင်းပြည်နယ်၊ဘော်လ်တီမိုးမြို့ကဆေးရုံတစ်ခုမှာညာဘက်ခြေထောက်ခွဲစိတ်ကုသမှု ထပ် မံခံယူ လိုက်ရတယ်လို့သိရ ပါတယ်။


"ညာဘက်ခြေကျင်းဝတ်နဲ့ခြေဖမိုးတွေကိုခွဲစိတ်ကုသရတာပါ။
ခြေကျင်းဝတ်အတွင်းဘက်ပိုင်းမှာအရိုးစတစ်ခုကကျိုးပဲ့ထွတ်သ္ဂားတယ်။မူလအရိုးကနေပဲ့
ထွတ်ပြီးသီးခြားဖြစ်သွားတဲ့အဲဒီအရိုးစကိုဖယ်ထုတ်ပစ်လိုက်ရတယ်။
သူကမူလအရိုးနဲ့ပြန်မဆက်တော့ဘူးလေ။"
"ခြေဖမိုးပေါ်ကတတိယအရိုး(ခြေခလယ်နဲ့တစ်ဆက်တည်းအရိုး)ကလည်းကျိုးတာကြာပြီးပြန်မဆက်တော့တဲ့အတွက် ကြေနေတဲ့အရိုးစလေးတွေကို ဖယ်ထုတ်ပြီး ဟနေတဲ့နေ၇ာမှာ ဒူးအောက်နားက ခြေသလုံးရိုးကို ဖဲ့ယူပြီး လာဆက်ထားတယ်။ တနေ၇ာကအရိုးစနဲ့ တနေ၇ာကိုလာပိုးလိုက်တာပေါ့။ ကိုယ့်အရိုးနဲ့ကိုယ်အစားထိုးတာပေါ့။ ပြီးတော့မှ မူ၇င်းအရိုးရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကို သတ္တုချောင်း ဘ၇က်ကက်လေးနဲ့ မြဲအောင်တွဲ ထားလိုက်တယ်။"
"ခြေဖမိုးပေါ်က စတုတ္ထအရိုး ခြေသကြွယ်နဲ့ တဆက်ထဲအရိုး ကလည်းကျိုးတာကြာပြီး ပြန်မဆက်တော့ ဘဲကြေမွသွားလို့ ကြေမွသွားတဲ့အရိုးစကို ဖယ်ထုတ်ပစ်လိုက်ရတယ်။ သူ့ကိုတော့ တခြားအရိုးနဲ့ ပြန်မပိုးပေးတော့ဘူး။ ပိုပြီးဆက်လိုက်၇င် ခြေထောက်လှုပ်ရှားတိုင်း နာနေလိုက်မယ်တဲ့။ အဲဒီနေ၇ာက လှုပ်ရှားမှုပြု၇တဲ့ နေ၇ာဖြစ်နေလို့လေ။ အဲဒီအရိုးကတော့ ပြန်ဆက်ချင်မှပြန်ဆက်တော့မှာပေါ့။" လို့ဆ၇ာတော်ကမိန့်တော် မူပါတယ်။
မေ့ဆေးပေးပြီး ခွဲစိတ်တာ ၃နာ၇ီခွဲလောက်ကြာမှ သတိပြန်၇လာတယ်။ ခွဲစိတ်ချိန်သက်သက်ကတော့ ၁နာ၇ီခွဲဘဲကြာပါတယ်။ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီး ၁လခွဲတိတိ ညာဘက်ခြေထောက် လုံးဝမထောက်ဘဲနေ၇မယ်လို့ သိ၇ပါတယ်။
ဆ၇ာတော်၇ဲ့ခြေထောက်ဒဏ်၇ာတွေကို ဇွန်လ၄၇က်နေ့က မုံရွာ၊ ဗောဓိတစ်ထောင် ဝန်ချီစက်မတော်တဆ ပြုတ်ကျမှုမှာ ၇ရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက်မှု စဖြစ်ဖြစ်ချင်း (ကျိုးကျိုး ချင်း )ကုသခွင့်၇ခဲ့တဲ့ ဘယ်ဘက်ခြေထောက်ကတော့ အကောင်းပကတိ ပြန်ဖြစ်သွားပါပြီ။



"ဦးဇင်း ၇ဲ့ခွဲစိတ်မှု က ဖ လေးလုံးခွဲစိတ်မှုလို့ပြော၇မှာပေါ့။ ခြေ သလုံးရိုးကို ဖောက်ယူ ခြေဖမိုး တတိယအရိုးမှ သွားဖြည့်၊ ခြေဖမိုးစတုတ္ထ အရိုးက အကြေစတွေဖယ်၊ ခြေကျင်းဝတ် အတွင်းပိုင်းအရိုးက အပိုင်းအစ ကိုဖြုတ်၊ ဖောက် ဖြည့် ဖယ် ဖြုတ် ဖ လေးလုံးပေါ့။" အ၇င်တုံးကတော့ "လေးချောင်းထောက်အကူအညီနဲ့ ခြေထောက်၂ ဖက် လုံး လမ်းလျှောက်လေ့ကျင့်ခဲ့၇ပါတယ်။
အခုတော့ အဲဒီလေးချောင်းထောက်နဲ့ဘဲခြေတပေါင် ကျိုး လမ်းလျှောက်နေ၇ပါတယ်။ ကလေးဘဝ ခြေတပေါင် ကျိုး အပြေး ပြိုင်ခဲ့တာတွေ အမှတ်တ၇ဖြစ်သွားတာပေါ့။ လက်၂ ဖက်အားကိုးနဲ့ဘဲ ထောက်ထောက်ပြီး လျှောက်နေ၇တာဆိုတော့ လက်မောင်းကြွက်သားတွေတော့ တော်တော်ထွက်လာပါပြီး။" လို့ ဆ၇ာတော်က ပြုံးရွှင်ဖွယ်ရာ မိန့်ကြားတော်မူပါတယ်။
ခြေထောက်ထိခိုက်သွားပေမယ့် စိတ်ထိခိုက် မှု လုံးဝမရှိတဲ့ ဆ၇ာတော် အရှင်ဆန္ဒာဓိက ဟာခြေထောက်ဒဏ်ရာ ကုသမှုကို ခံယူ၇င်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် စာဖတ်ပ၇ိသတ်များအတွက် ဓမ္မစာပေများကို ပုံမှန်အတိုင်းနေ့စဉ် မပြတ်ဆက်လက်ေ၇းသားနေကြောင်းနဲ့
ဆ၇ာတော်၇ဲ့ အသေးစိတ်ဝေယျာဝစ္စများအားလုံးကို ညီတော်မောင်ဆ၇ာတော်၇ဲ့ ညီအ၇င်း ဒေါက်တာနိုင်ဝင်းက အနီးကပ်ဆောင်ရွက်ပေးပြီး ဆွမ်းကွမ်းနဲ့ အထွေထွေဝေယျာဝစ္စများကို ဒေါက်တာမင်းသိန်းသောင်း ဒေါက်တာခင်နွယ်ဝင်း တူမ မငယ်မိသားစုက လိုလေသေးမရှိ ဖြည့်ဆည်းပေးနေကြောင်း သတင်း၇ရှိပါတယ်။ (လင်းနိုင်းဦး)