ရွှေပါရမီပရိယတ္တိသာသနာလင်္ကာရစာမေးပွဲ
ဤစာမေးပွဲတွင် အဆင့်(၃)ဆင့်ရှိရာ (၃)ဆင့်လုံးအောင်မြင်ပြီးပါက ပိဋကတ်(၁)ပုံ (၀ိနည်းငါးကျမ်း)၊ နိကာယ်(၁)ရပ် (အင်္ဂုတ္တိုရ်(၁၁)ကျမ်း)နှင့် ဓမ္မပဒအဋ္ဌကထာ(၂)အုပ် လေ့လာသင်ကြား ကျက်မှတ်ပြီးသား ဖြစ်သွားပါသည်။ အချိန်တိုအတွင်း ပိဋကတ်စာပေ အတော်များများ နှံ့စပ်ကျွမ်းကျင်သွားသောကြောင့် မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတော်များကို ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးနိုင်သည့်အပြင် သူတစ်ပါးတို့အားလည်း ညွှန်ကြားပြသပေးနိုင်ပါသည်။
